U Kunḍalābhivaṃsa Sayādaw
ထေရုပ္ပတ္တိ အကျဉ်း (brief introduction):
- U Kunḍalābhivaṃsa Sayādaw’s Biography (pdf) | Saddhammaramsi Sayādaw | Bhaddanta Kunḍalābhivaṃsa | Agga Mahā Kammatthanacariya
- မဟာစည်ရတ္တညုနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သဒ္ဓမ္မရံသီရိပ်သာများအားလုံး၏ အဓိပတိဆရာတော်ကြီး
—
- ၁။ ဘွဲ့တော် – ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)
- ၂။ ကျောင်းတိုက် – သဒ္ဓမ္မရံသီရိပ်သာ၊ အမှတ် (၇)၊ ဇေယျာခေမာလမ်း၊ (၆) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း။
- ၃။ အသက်၊ သိက္ခာ၊ ဂိုဏ်း – သက်တော် (၉၁)၊ သိက္ခာတော် (၇၂) ဝါ၊ ရွှေကျင်ဂိုဏ်း။
- ၄။ မွေးသက္ကရာဇ် – (၁၂၈၃) ခုနှစ်၊ နယုန်လဆန်း (၁) ရက်၊ တနင်္လာနေ့။
- ၅။ ဇာတိရပ်ရွာနှင့် ခမည်းတော် မယ်တော်တို့၏အမည် – ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဝင်းကဒတ်ရွာ၊ ဦးသာဖြိုး+ဒေါ်ပုတို။
- ၆။ ရှင်သာမဏေပြုခြင်း – (၁၂၉၃) ခုနှစ်၊ ဝါဆိုလဆန်း (၁၂) ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောင်းတော်ရာကျောင်းတိုက် နမူနာစံကျောင်းဆရာတော် ဘဒ္ဒန္တခေမာကို ဥပဇ္ဈာယ်ပြ၍ ရှင်သာမဏေအဖြစ်သို့ရောက်သည်။
- ၇။ ရဟန်းပြုခြင်း – (၁၃၀၂) ခုနှစ်၊ တပွဲတွဲလဆန်း (၁၂) ရက်နေ့တွင် ဖိုးစမ္ပါရွာ၊ ကန်ကြီးကျောင်းဆရာတော် ဘန္ဒန္တဓမ္မပိယကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်သည်။
- ၈။ စာပေသင်ယူခြင်း – ညောင်လေးပင်တောရကျောင်းတိုက်၊ ရန်ကုန်မြို့ကျောက်ကုန်း မေဒိနီကျောင်းတိုက်၊ ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်တို့၌ ပရိယတ္တိစာပေများကို သင်ယူခဲ့ပါသည်။
- ၉။ အောင်မြင်ခဲ့သော စာမေးပွဲများ – သာသနဓဇသိရီပဝရ ဓမ္မစရိယ၊ စေတိယင်္ဂဏဓမ္မစရိယတို့ကို အောင်မြင်ခဲ့ပါသည်။
- ၁၀။ ခံယူခဲ့သော ဘွဲ့တံဆိပ်တော်များ – မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဆက်ကပ်သော မဟာကမ္မဋ္ဌာနာစရိယနှင့် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်များ ခံယူရရှိခဲ့ပါသည်။
- ၁၁။ စာပေပို့ချခြင်း – ရန်ကုန်မြို့ ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်၌ တပည့်များအား ပိဋကတ်ကျမ်းစာများကို သင်ကြားပို့ချပေးခဲ့ပါသည်။ မရမ်းကုန်းမြို့နယ်၊ သဒ္ဓမ္မရံသီရိပ်သာ၌ တပည့်များအား ပိပဿနာရှုမှတ်ပုံ၊ နည်းနိဿယည်းများကို ပို့ချသင်ကြား ပြသခဲ့ပါသည်။
- ၁၂။ သာသနာရေးတာဝန် ဆောင်ရွက်ချက်များ – ပြည်ပသာသနာအတွက် ဆောင်ရွက်ခဲ့သည်မှာ (၁၉၉၄) ခုနှစ်မှစ၍ (၂၀၀၂) ခုနှစ်အထိ အနောက်တိုင်းနိုင်ငံ၊ အရှေ့တိုင်းနိုင်ငံများ၌ တရားဟော၊ တရားပြ ဆောင်ရွက်ခဲ့ပါသည်။ (၁၃၄၀) ပြည့်နှစ်မှစ၍ မဟာစည်ရိပ်သာ နာယက ကမ္မဋ္ဌာနာစရိယအဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ သဒ္ဓမ္မရံသီရိပ်သာ၌ ဝိပဿနာတရား ဟောကြားပြသခြင်းစသော သာသနာ့တာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။
- ၁၃။ ရေးသားပြုစုသောကျမ်းဂန်များ – ဒုက္ခကင်းဝေး ပေါင်းသင်းရေး၊ မင်းဆင်ပမာ ကျင့်ဖွယ်ရာ၊ ယခုဘ၀ ကောင်းမြတ်လှ၊ ဒုလ္လဘသိဖွယ် ဝိနည်းငယ်၊ သိကောင်းစရာ ဓမ္မပဒေသာ (ပထမတွဲမှစ၍ ဧကာဒသမတွဲ) ဣန္ဒြေစွမ်းအင် ထက်မြက်ကြောင်း (၉)ပါး တရားတော်၊ ပဋ္ဌာန်းနှင့် ဝိပဿနာစသော ကျမ်းစာအုပ်ငယ်များကို ရေးသားခဲ့ပါသည်။
- ၁၄။ ရဟန်းရှင်၊ လူတို့၏ ကြည်ညိုလေးစားမှု – ကမ္မဋ္ဌာန နယဒေသကဂုဏ်၊ ဝိပဿနာဓုရာဝဟဂုဏ်၊ သီလ သမာဓိ ပညာဂုဏ်၊ နာယကဂုဏ် စသည်တို့နှင့် ပြည့်စုံသောကြောင့် ရဟန်းရှင်လူ အများပြည်သူတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူပါသည်။
တရားစာအုပ်များ (Burmese – English – Tiếng Việt) [Ebooks]
မြန်မာ – English – Tiếng Việt
အသံတရားတော်များ (Burmese – English – Tiếng Việt) [Mp3]
မြန်မာ
English
Tiếng Việt
ရုပ်ရှင်များ (Videos) + မှတ်တမ်းပုံတော်များ (Pictures)
Videos & Pictures
Saddhamaramsi Sayādaw‘s Video |
Pictures |